ကမ္ဘာပေါ်ရှိ လူသုံးအများဆုံးဆိုရှယ်နက်ဝပ်များ

ဆိုရှယ်နက်ဝပ်လို့ဆိုလိုက်တာနဲ့ ကျွန်တော်တို့တတွေအရင်ဆုံးပြေးမြင်ကြတာက ဖေ့စ်ဘွတ်ခ်ပါ။ ဒါကလည်းမထူးဆန်းလှပါဘူး။ ကမ္ဘာတစ်ဝန်းမှာရော၊ မြန်မာမှာရော အင်အားအကြီးမားဆုံး ဆိုရှယ်နက်ဝပ်က ဖေ့စ်ဘွတ်ခ်ပဲဖြစ်ပါတယ်။ ပြီးရင်တော့ အင်စတာဂရမ်၊ Viber/ Wechat/ Line စသည့်ဖြင့် ကျွန်တော်တို့တွေနဲ့ ရင်းနှီးနေကြပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့လူပေါင်း ၂ ဘီလီယံ (သန်းနှစ်ထောင်) ကျော်ဟာ ဆိုရှယ်နက်ဝပ်တွေကိုအသုံးပြုနေကြပြီး ထိုပမာဏထဲမှာမှ ဖေ့စ်ဘွတ်ပုံမှန်အသုံးပြုသူဦးရေ (active users) ဟာ ၁.၉ ဘီလီယံလောက်ထိရှိတာကြောင့် ဆိုရှယ်နက်ဝပ်အသုံးပြုသူအများစုဟာ ဖေ့စ်ဘွတ်ကိုအဓိကအသုံးပြုပြီး တခြားဟာတွေကိုအရံသဘောမျိုးအသုံးပြုနေကြတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ၈၁% ခန့်ဟာလည်း သူတို့လုပ်ငန်းအတွက် ဆိုရှယ်နက်ဝပ်တွေကိုအသုံးပြုကြတယ်လို့ ဆိုပါတယ်။


YOU MAY ALSO LIKE : “မြန်မာနိုင်ငံတွင်လူသုံးများလာသော Instagram အကြောင်းအကျဉ်း” ကို ဖတ်ရှုရန်နှိပ်ပါ


ဒါဆိုရင် ကျွန်တော်တို့နဲ့ရင်းနှီးနေတဲ့ ဘယ်ဆိုရှယ်နက်ဝပ်တွေကများ ကမ္ဘာ့လူသုံးအများဆုံးဆိုရှယ်နက်ဝပ်စာရင်းထဲမှာ ပါဝင်နေမလဲဆိုတာ ကြည့်လိုက်ကြရအောင်

 

အထက်ပါအချက်အလက်တွေဟာ ၂၀၁၇ ခုနှစ်၊ ဧပြီလလောက်က အချက်အလက်တွေဖြစ်ပြီး ကိန်းဂဏန်းတွေဟာ နေ့စဉ်တိုးတက်လျှက်ရှိပါတယ်။ ဖေ့စ်ဘွတ်ခ်ကဝယ်ယူထားတဲ့ ဆိုရှယ်အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ WhatsApp ဟာ ဒုတိယနေရာမှာရပ်တည်နေပြီး အသုံးပြုသူဦးရေဟာ သန်း ၁၂၀၀ ခန့်အထိရှိတာကိုတွေရမှာပါ။ WhatsApp ဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ အသုံးပြုသူအလွန်နည်းပါးတဲ့ ဆိုရှယ်အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ နောက်ထပ် ဖေ့စ်ဘွတ်ရဲ့Messenger က စတုတ္ထနေရာမှာရပ်တည်နေပြီး ဖေ့စ်ဘွတ်ခ်ရဲ့Instagram ကပဲ နံပါတ် ရ နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်ခ်အုပ်စုဟာ ဆိုရှယ်နက်ဝပ်နဲ့ပတ်သတ်ရင် ပြိုင်ဖက်မရှိဈေးကွက်ဦးဆောင်သူဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဆိုရှယ်နက်ဝပ်အသုံးပြုသူအားလုံးနီးပါးကို သိမ်းသွင်းထားနိုင်တယ်လို့ဆိုရမှာဖြစ်ပါတယ်။

ဆိုရှယ်နက်ဝပ်တွေထဲမှာ Pinterest ဟာ အသုံးပြုဦးရေ သန်း ၁၀၀ ကို လျင်လျင်မြန်မြန်ရရှိသွားတဲ့ ဆိုရှယ်နက်ဝပ်တစ်ခုဖြစ်ပြီး ဖေ့စ်ဘွတ်ဟာ အသုံးပြုသူ ၁ ဘီလီယံ အရင်ဆုံးရရှိခဲ့တဲ့ ဆိုရှယ်နက်ဝပ်လည်းဖြစ်ပါတယ်။ ဆိုရှယ်နက်ဝပ်တွေဟာ လူသားအချင်းချင်းလျင်မြန်စွာ ဆက်သွယ်ပြောဆိုနိုင်ဖို့ဆိုတဲ့ အဓိကရည်ရွယ်ချက်ကတော့ တူညီကြပေမယ့် တစ်ခုနဲ့တစ်ခု Focus လုပ်ပုံချင်းမတူညီကြပဲ သူ့နည်းသူ့ဟန်နဲ့ အသုံးပြုသူတွေကိုဆွဲဆောင်နေကြတာဖြစ်ပါတယ်။ မြန်မာဆိုရှယ်နက်ဝပ်တွေတွေလည်း ပေါ်ထွက်ခဲ့ဖူးပြီး BeeTalk ကတော့ နာမည်အကြီးဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်ခ်ရဲ့လွှမ်းမိုးမှုကကြီးမားလွန်းတာကြောင့် သူလည်း အောင်မြင်မှုကြီးကြီးမားမားတော့မရရှိခဲ့ပါဘူး။ အခုအချိန်ဟာ ဆိုရှယ်နက်ဝပ်တွေဟာ လူသားတွေအတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်လာခဲ့ပြီး ဆိုရှယ်နက်ဝပ်တွေကနေ တစ်ဆင့်စီးပွားရေးပြုလုပ်ခြင်း၊ ၀င်ငွေရရှိခြင်းတို့လည်းရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ နိုင်ငံတကာကိုမထိုးဖောက်နိုင်ရင်တောင်မှ မြန်မာအချင်းချင်းကြားမှာ ရေပန်းစားမယ့် မြန်မာဆိုရှယ်နက်ဝပ်တွေ ပေါ်ပေါက်လာဖို့ မျှော်လင့်လျှက်ရှိပါကြောင်း …

 

လေးစားစွာဖြင့်
လင်းထက်မော် (Digital Parmaukkha)