ဖေ့စ်ဘွတ်ခ် Marketing ဟာထိရောက်တဲ့နည်းလမ်းတစ်ခုလား?

Facebook လို့ဆိုလိုက်တာနဲ့ လက်ရှိပြည်တွင်းမှာရော၊ ကမ္ဘာမှာပါ လူသုံးအများဆုံး လူမှုကွန်ယက် Social Media Platform တစ်ခုဆိုတာ လူတိုင်းသိရှိပြီးသားပါ။ ၂၀ဝ၄ ခုနှစ်၊ ဖေဖော်ဝါရီ(၄) နှစ်ကစတင်ခဲ့တဲ့ facebook ဟာ ၁၃ နှစ်ကျော်တဲ့ သက်တမ်းတစ်ခုကိုရောက်ရှိလာသလို ကမ္ဘာတစ်ဝှမ်း သုံးစွဲသူအရေအတွက်ဟာ အခုဆိုရင် ၁.၈၆ ဘီလီယံအထိ ရောက်ရှိလို့လာခဲ့ပြီဖြစ်တယ်။အလားတူပြည်တွင်းမှာလည်း သုံးစွဲသူအရေအတွက်ဟာ နှစ်စဉ်မြင့်တက်လာလျက်ရှိသလို သုံးစွဲသူ ၁၄ သန်း အထိ Hootsuite ရဲ့မှတ်တမ်းများအရ အကြမ်းဖျင်း သိရှိထားရပါတယ်။ ဒါဟာမြန်မာနိုင်ငံလူဦးရေရဲ့ ၄ ပုံ ၁ ပုံဝန်းကျင်ခန့်အထိ သုံးစွဲမှုမြင့်တက်လာခြင်းလို့ သတ်မှတ်လို့ရနိုင်ပါတယ်။

ဒီအကြောင်းပြချက်တစ်ခုတည်းအတွက် Social Media Platform များစွာထဲက ဖေ့စ်ဘွတ်ခ်မှာ Marketing လုပ်ရုံနဲ့ ထိရောက်မှုရှိပြီလားဆိုတဲ့အချက်ဟာ product ပေါက်ဖို့အတွက် စိတ်ဝင်စားစရာပါ။

(၁) facebook ပေါ်မှာကြော်ငြာတယ်ဆိုတာ page လုပ်ခြင်းကိုဆိုလိုတာလား?
Social Media Marketer သမားတစ်ယောက်မဟုတ်တဲ့ လူအတော်များများဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကြော်ငြာခြင်းကို page ပြုလုပ်ခြင်းလို့ အများဆုံးသတ်မှတ်လေ့ရှိကြတယ်။ page ပြုလုပ်ပြီးငွေကြေးသုံးမယ်၊ လူတွေပြောနေကျ အလွယ်နည်း ပြောရမယ်ဆို like များများတက်လာတဲ့အခါ လူသိများပြီဆိုတဲ့အချက်ကို လက်စွဲထားတယ်။ တကယ်တော့ page တစ်ခုလုပ်ယုံ (Sponsored Promote,Boost Promote)ငွေကြေးသုံးယုံနဲ့ ထိရောက်မှုမရှိဘူးဆိုတဲ့အချက်ကို အထူးသတိပြုဖို့လိုပါမယ်။ ဒါတွေကိုဘယ်လိုတည်ဆောက်ရမလဲ ဆိုတာနဲ့ပတ်သက်ပြီး နောက်တစ်ပတ်မှာ “ facebook page ကိုဘယ်လို Management လုပ်မလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ အတိုချုပ်ထပ်ပြီးရှင်းလင်းပေးသွားပါမယ်။

(၂) Social Media Influencers တွေနဲ့ရော ထိရောက်နိုင်သလား
စတင်လေ့လာနေသူတွေအတွက် ဒီအသုံးအနှုန်းဟာ တော်တော်စိမ်းပါမယ်။ Social Media Influencers ကိုမြန်မာလိုတိုက်ရိုက်ပြန်မယ်ဆိုရင် Social media မှာလူသိများသောသူ၊ အလွယ်ပြောရရင် follower သိန်းချီ၊ သန်းချီများတဲ့သူလို့ခေါ်တယ်။ Social media လို့ပြောရင် အားလုံးပါတာမို့ မြန်မာပြည်အတွက် facebook မှာလူသိများတဲ့လူ၊ follower များတဲ့သူလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ facebook မှာလူသိများပြီးအောင်မြင်နေတဲ့သူကို အသုံးချပြီး ကိုယ်ရဲ့ brand ကိုသူတို့ရဲ့ follower တွေကိုသိအောင်ကြော်ငြတာပါ။ ဒါကို Social Influencers တွေကိုသုံးပြီးကြော်ငြာတယ်လို့ခေါ်ပါတယ်။ social မှာနာမည်ကြီးတဲ့သူဆိုတာ အနုပညာရှင်တွေလည်းပါမယ်၊ အနုပညာရှင်မဟုတ်တဲ့ ကိုယ်ရဲ့အတတ်ပညာတစ်ခုကြောင့်ကျော်ကြားလာတဲ့သူတွေ ပါမယ်။ ဒါပေမယ့် ကိုယ်ရွေးချယ်လိုက်တဲ့လူက ကောင်းသောကျော်ကြားမှုလား၊ မကောင်းသောကျော်ကြားမှုနဲ့လား ဆိုတာကိုတော့ သတိပြုရမယ်။ ကိုယ့် brand image ကိုဂရုပြုဖို့လိုပါမယ်။ အချိန်ရရင် “ Social Media Marketing ဆိုတာဘာလဲ” ဆိုတဲ့ခေါင်စဉ်နဲ့ ထပ်ပြီးမျှဝေပေးသွားပါမယ်။

Social Influencers အဖြစ် အနီးစပ်ဆုံး ဥပမာပြရမယ်ဆိုရင်လက်ရှိနာမည်ကြီးနေတဲ့ အဆိုတော် “ရွှေထူး” ဥပမာနောက်တစ်ယောက်အဖြစ် Kelvin Kate လို့လူသိများခဲ့တဲ့ Aung Thu Lwin

(၃) နာမည်ကြီးပြည်တွင်း မီဒီယာ facebook page ပေါ်မှာကြော်ငြာရင်ရော် ထိရောက်နိုင်သလား?
ဒါကတော့ လွယ်ပါတယ်။ like သန်းချီများပြီး နာမည်ကြီးနေတဲ့ ပြည်တွင်းမီဒီယာ page ပေါ်မှာ ကိုယ့်ရဲ့ product ကို ကြော်ငြာတာပါ။ ဒီမှာ Content marketing သဘောတရားတွေလည်းပါမယ်။ Content marketing ဆိုတဲ့သဘောကတော့ ကိုယ့် product ကို ထိထိရောက်ရောက် အရေးသားကောင်းကောင်းနဲ့ လူစိတ်ဝင်စားအောင် ရေးသားခြင်းလို့ အလွယ် နားလည်ထားလို့ရတယ်။ ရေးထားပြီးသားစာကို နာမည်ကြီးမီဒီယာစာမျက်နှာပေါ်မှာ တစ်ပြိုင်တည်းကြော်ငြာပြသလိုက်ခြင်းကလည်း ကိုယ် brand ကိုလူသိများစေတယ်။ တစ်ချို့ကျတော့ စက္ကန့်ပိုင်းစာ ဗီဒီယိုရုပ်သံအသုံးပြုကြော်ငြာတယ်။ ဘယ်လိုပဲကြော်ငြာလုပ်လုပ် ကိုယ့် brand ရဲ့အခြေအနေပေါ်မူတည်ပြီး အသုံးချလို့ ရနိုင်ပါတယ်။

(၄) Campaign ပြုလုပ်ခြင်း
Campaign ရဲ့သဘာကတော့ ကိုယ့်ရဲ့ brand ကို Promotion သော်လည်ကောင်း၊ Lucky Draw သော်လည်းကောင်းပြုလုပ်ခြင်းလို့ အကြမ်းဖျင်းဆိုနိုင်တယ်။ ဒီနေရာမှာတော့ အိုင်ဒီယာက အရေးကြီပါတယ်။ ကိုယ်လုပ်တဲ့ Campaign အောင်မြင်မှု မအောင်မြင်မှုက စိတ်လှုပ်ရှားဖို့လည်းကောင်းတယ်။ လက်ရှိအများဆုံးမြင်တွေ့ရတဲ့ Campaign တွေကတော့ Lucky Draw နဲ့ Photo contest ပြိုင်ပွဲတွေကို အများဆုံးမြင်တွေ့နိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လုပ်ပုံလုပ်နည်းမတူညီပါဘူး။ ဒါကတော့ brand အပေါ်လည်းမူတည်သလို အိုင်ဒီယာအပေါ်မူတည်တယ်။ ဒီလို Campaign တွေလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ ပေ့ခ်ျကို လူတွေသတိထားလာမယ်၊ audience တွေတက်လာမယ်၊ ကိုယ့် page brand တက်လာမယ်။

(၅) ဆိုးကျိုးရောဘာတွေရှိနိုင်မလဲ
ကောင်းကျိုး၊ ဆိုးကျိုးကတော့ နေရာတိုင်းမှာအမြဲတွဲတာကတော့ သဘာဝပါပဲ။ ဖေ့စ်ဘွတ်ခ်ဆိုတဲ့နေရာမျိုးက လူပေါင်းစုံ ရှိနေတာဖြစ်တဲ့အတွက် ကိုယ် brand ကိုတိုက်ခိုက်ဆဲဆိုတဲ့သူတွေရှိမယ်၊ page အတုတွေနဲ့ ကောလဟာလတွေလွှင့်မယ် ဒါတွေကို အထူးသတိပြုဖို့လိုမယ်။ နောက်ပြီး ငွေကြေးသုံးစွဲမှုအပိုင်းမှာ brand ပေါ်မူတည်ပြီး budget ကပုံသေမရှိဘူး။ ဒါကလည်း ကိုယ့်ရဲ့ brand ၊ content ရေးသားမှု၊ creative လို့ခေါ်တဲ့ virtual ဒီဇိုင်း၊ campaign Idea ပေါ်မူတည်ပြီး ငွေကြေးများစွာသုံးစွဲပေမယ့် ထိရောက်မှုမရှိခဲ့သလို၊ မသုံးစွဲပဲနဲ့လည်း ထိရောက်သွားတာမျိုးလည်းရှိပါတယ်။ ဒီလောက်ဆိုရင်တော့ “ဖေ့စ်ဘွတ်ခ် Marketing ဟာထိရောက်တဲ့နည်းလမ်းတစ်ခုလား” ဆိုကိုတော့ စဉ်းစားလို့ရလောက်ပြီလို့ မျှော်လင့်ပါတယ်။

 

ခွန်နေ (Digital Parmaukkha)