facebook တွင်ကြော်ငြာရန် Page တစ်ခုဖန်တီးခြင်း

Facebook page ဖန်တီးဆိုတဲ့အရာမှာ အခြေခံအားဖြင့်နားလည်သူတွေအတွက်တော့ သိပေမယ့် တော်တော်များများကတော့ အသုံးပြုတဲ့အကောင့်နဲ့ page ကိုမသဲကွဲကြသေးပါဘူး။ ကျွန်တော်တို့လက်ရှိ အသုံးပြုနေတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ဟာ ကြော်ငြာဖန်တီးဖို့အတွက် အသုံးပြုလို့မရပါဘူး။ ဒါကြောင့် ဒီအကောင့်ကနေတဆင့် ကြော်ငြာ page တစ်ခုကိုသက်သက်ဖန်တီးရပါမယ် page တစ်ခုဖန်တီးပုံအဆင့်ဆင့် ကိုလည်း ကိုယ်တိုင်လက်တွေ့ပြုလုပ်လို့ရအောင် ပုံနှင့်တကွ တွဲပြီးဖော်ပြပေးလိုက်ရပါတယ်။ Desktop နဲ့ ဖုန်း နှစ်မျိုးစလုံးပြုလုပ်ပုံကိုဖော်ပြပေးထားပါတယ်။

အဆင့်(၁)
ကွန်ပျူတာနဲ့ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အကောင့်ကို Log out လုပ်တဲ့နေရာကို Click နှိပ်လိုက်ရင် Logout လုပ်မယ့် ဘားတန်းလေးကျလာပါမယ်။ အဲ့ဒီထဲမှာ Create Page ဆိုတဲ့ဟာလေးကို တွေ့ပါလိမ့်မယ်။ အဲ့ဒါကို Click ပြီးနောက်တဆင့်ကိုသွားပေးပါ။

 

အဆင့်(၂)
ဒီအဆင့်မှာတော့ သင်ပြုလုပ်မယ့် facebook page ဟာဘယ် category အမျိုးအစားမှာပါဝင်သလဲဆိုတာနဲ့ သင့် page ရဲ့အမည်ကိုထည့်သွင်းခိုင်းခြင်းဖြစ်ပါတယ်။ သင့်လုပ်ငန်းနာမည်နဲ့ သက်ဆိုင်တဲ့ Category ကိုအရင်ဆုံးရွေးချယ်ရမှာဖြစ်ပြီးတော့ Name ကတော့ သင့်ပြုလုပ်မယ့် facebook page စာမျက်နှာအမည်ကို ရွေးချယ်ခိုင်းခြင်းဖြစ်ပါတယ်။ ဥပမာအနေနဲ့ အောက်ပါပုံအတိုင်းကျလာပါလိမ့်မယ်။

အဆိုပါပုံတွေမှာ Category (၆) မျိုးအထိခွဲပြထားပါတယ်။ ကိုယ့် Create လုပ်မယ့် Page နဲ့ သင့်တော်တဲ့ခေါင်းစဉ်ကိုရွေးချယ်ရမှာပါ။Local Business or Place ကိုရွေးချယ်ပြီး နမူနာလုပ်ပြထားပါတယ်။

 

လိုအပ်တဲ့အချက်အလက်တွေကိုထည့်ပြီး Get Started ကိုနှိပ်လိုက်ရုံပါပဲ။ Gat Started ကိုနှိပ်လိုက်မယ်ဆိုရင် ဒီအဆင့်ကို သင်မြင်တွေ့ရပါလိမ့်မယ်။

 

အဆင့်(၃)

လွတ်နေတဲ့ box လေးမှာ “ Tell people what your page is about “ ဆိုပြီး စာဖတ်သူတို့ရဲ့ page နဲ့သက်ဆိုင်တဲ့အကြောင်းအရာကို ထည့်ရေးရှင်းပြပေးရမှာပါ။ မထည့်ချင်သေးဘူး ကျော်သွားချင်တယ်ဆိုရင် လည်း Skip လုပ်လိုက်လို့ရပါတယ်။ ထည့်သွားချင်တယ်ဆိုရင်လည်း စာလုံးရေ ၁၅၅ လုံးအောက် ရေးထည့်ပေးခဲ့လို့ရပါတယ်။ ရေးထည့်လို့ပြီးသွားရင် Save Info ဆိုပြီးနောက်တဆင့်ကိုသွားနိုင်ပါပြီ။

တစ်ချို့ကျတော့လည်း page ကိုတန်းရောက်သွား တတ်တာမျိုးလဲရှိပါတယ်။

 

အဆင့်(၄)
စာဖတ်သူတွေဒီအဆင့်ကိုရောက်လာပါပြီ၊ Profile picture ထည့်ဖို့အတွက်ဖြစ်ပါတယ်။ အဆင့်သင့်ဒီဇိုင်းလုပ်ပြီးသာရှိတယ်ဆိုရင်တော့ ထည့်လိုက်ရုံပါပဲ။ မရှိသေးဘူးဆိုလဲ ကျော်သွားလို့ရပါတယ်။ page ပေါ်ရောက်တဲ့အခါမှပြန်ထည့်လဲရနိုင်ပါတယ်။ ပုံကို resolution ကောင်းတဲ့ပုံမျိုးဆိုအဆင်ပြေပါတယ်။ အနိမ့်ဆုံး 800×800 Resolution လောက်ဆိုအဆင်ပြေပါတယ်။

 

အဆင့်(၅)
ဒီအဆင့်ကို skip လုပ်ပြီးကျော်သွားရုံပါပဲ။

 

အဆင့်(၆)
ဒါကိုလည်းကျော်နိုင်ပါတယ်။ သူဆိုလိုချင်တာက ကိုယ့်ရဲ့ facebook စာမျက်နှာကို ဘယ်လိုလူတွေဆီကို အဓိကမြင်စေချင်တာလဲလို့ ရွေးခိုင်းတဲ့သဘောပါ။ ဒီနေရာမှာရွေးလို့ သိပ်ပြီးပြောင်းလဲသွားမှု များများစားစား မရှိပါဘူး။ ကျွန်တော်တို့ ads လုပ်တဲ့အခါမှ ရွေးလေ့ရှိပါတယ်။ စာဖတ်သူတွေတော့ ရွေးချင်က ရွေးနိုင်ပါတယ်။ ကျွန်တော်ကတော့ ဒီအဆင့်မှာ ကျော်လိုက်ပါတယ်။

 

အဆင့်(၇)
ကျွန်တော်တို့ page တစ်ခုကို အောင်မြင် လွယ်ကူစွာ create လုပ်လို့ပြီးဆုံးသွားပါပြီ။ ပိုပြီးကြည့်ကောင်းသွားအောင် cover ပုံလေးတင်လိုက်ပါ့မယ်။ ဖေ့စ်ဘွတ်ခ်က ပုံ size ကိုအကြံပေးထားပေမယ့် ကျွန်တော်ကတော့ ကိုယ့်အမြင်နဲ့အဆင်ပြေအောင်ထားလို့ရရင် ဘယ်ပုံပဲဖြစ်ဖြစ် တင်လိုက်ပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ အကြံပေးချက်ကတော့

Resolution – 1200×400

Image ratio – 8:3 ဖြစ်ပါတယ်။

ဟုတ်ပါပြီ။ ကျွန်တော်ကတော့ အဆင်ပြေမယ်ထင်တဲ့ဟာကိုပဲရွေးပြီးတင်လိုက်ပါပြီ။

ဟုတ်ကဲ့။ ဒါကတော့ အလွယ်တကူ ကွန်ပြူတာကနေတဆင့် page ပြလုပ်နည်းလေးပါ။ မိုဘိုင်းလ်ဖုန်းကနေတဆင့် page ပြုလုပ်မယ်ဆိုလည်းလွယ်ပါတယ်။ ဖုန်း view နဲ့ desktop ကွဲသွားတာလောက်ပဲရှိပါမယ်။ နည်းလမ်းကိုအောက်မှာထပ်ပြပေးထားပါတယ်။

အဆင့်(၁)
Facebook ကိုဝင်လိုက်ပြီဆိုရင် ညာဖက်စွန်မှာ sitting လိုပုံမျိုး အတုံး သုံးတုံးလေး မြင်ရပါမယ်။ အဲ့ဒါကို click မယ်ဆိုအောက်ကပုံအတိုင်းထွက်လာပါမယ်။ ပြီးရင်အောက်ဆင်းကိုဆင်းလိုက်ရင် create page ဆိုတာကိုမြင်တွေ့ရမှာပါ။ အဲ့ဒါကို နှိပ်လိုက်ရုံပါပဲ။ (ပုံတွင် မြှားအနီရောင်လေးနဲ့ ပြထားပါတယ်။)

 

အဆင့်(၂)
ပုံမှာမြင်တွေ့ရတဲ့အတိုင်းကျလာပါမယ်။ ကွန်ပျူတာနဲ့တုန်းကလို အစဉ်လိုက်ရွေးပေးရပါမယ်။ Select a Categroy မှာ ကိုယ်လုပ်ငန်းအမျိုးအစားကိုရွေးချယ်ပါ။


အဆင့်(၃)
Select Category ကိုရွေးလိုက်တာနဲ့ ကြိုက်နှစ်သက်ရာတစ်ခုကိုရွေးချယ်လိုက်ပါ။
အွန်လိုင်းရှော့သမားဆိုရင်တော့ clothing ပေါ့၊ အစားအသောက်ဆိုရင်လည်း food ပေါ့ အဆင်ပြေရာရွေးချယ်ပါ။ အဆင်မပြေရင် ပြန်ပြင်လို့ ရပါသေးတယ်။

 

အဆင့်(၄)
ရွေးလို့ပြီးပြီဆိုဒီလိုကျလာမယ်။ brand & product ဆိုပြီးအသစ်တစ်ခုတိုးလာတယ်။ ဒါကကိုယ်ရွေးတဲ့ category ပေါ်မူတည်ပြီးကျလာတာပါ။ တစ်ယောက်နဲ့တစ်ယောက်မတူညီနိုင်ပါဘူး။ ဒါကိုမကြိုက်ဘူးဆိုလည်း brand & product ကိုပြောင်းလို့ရနိုင်ပါသေးတယ်။ brand & product ကိုပဲထောက်လိုက်ပါ၊ အဆင့်(၅) မှာကြည့်လိုက်ပါ။

 

အဆင့်(၅)
ပြောင်းချင်တယ်ဆိုရင် အခြားဟာရွေးနိုင်ပါတယ်။

 

အဆင့်(၆)
ကိုယ့်ရဲ့ page name ရွေးပေးပါ။ ကျွန်တော်ကတော့ mm shop ဆိုပြီးရွေးထားပါတယ်။ အားလုံးရွေးပြီးပြီဆိုတာနဲ့ Get Started လို့စတင်လိုက်တာနဲ့ page တစ်ခုကိုအအောင်မြင်စွာပြုလုပ်ပြီး ဖြစ်ပါတယ်။

 

အဆင့်(၇)
ကဲအားလုံးပြီးပြီ။ လိုအပ်တဲ့ profile နဲ့ cover photo လေးတွေကိုထည့်သွင်းနိုင်ပါပြီ။ ဒါပေမယ့် ဖုန်းနဲ့ page အသုံးပြုသူတွေအတွက် Page Manager ဆိုတဲ့ application ကိုဒေါင်းလုပ် လုပ်ထားသင့်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ page ကို manage လုပ်ရတာပိုလွယ်ပါမယ်။ application ရဲ့ icon ကိုလည်းဖော်ပြပေးထားပါတယ်။

Page Manager Application ရဲ့ လိုဂိုပုံစံလေးက အဝါရောင်အလံလေးနဲ့ပုံလေးပါ။

အထက်ပါ application လေးတွေကိုဒေါင်းပြီးသွားပြီဆိုရင်တော့ လိုအပ်တဲ့ ပိုစ်တွေစာတွေ တင်နိုင်ပါပြီ။ ဒါကတော့ page ပြုလုပ်ပုံအဆင့်ဆင့်ဖော်ပြပေးထားပါတယ်။ နောက်ထပ် Post မှာတော့ facebook ရဲ့ promote/boost ဝန်ဆောင်မှုကိုရယူဖို့အတွက် visa/master card ချိတ်ဆက်ပုံအဆင့်ဆင့်ကို ထပ်မံဝေမျှပေးသွားပါမယ်။

ခွန်နေ (Digital Parmaukkha)