မြန်မာနိုင်ငံတွင် လူသုံးများလာသော Instagram အကြောင်းအကျဉ်း

Instagram ဆိုတာ ဓာတ်ပုံတွေမျှဝေဖို့ ရည်ရွယ်တည်ထောင်ထားတဲ့ Social Platform တစ်ခုဖြစ်ပြီး Kevin Systrom နဲ့ Mike Krieger တို့က ၂၀၁၀၊ အောက်တိုဘာလမှာ စတင်တည်ထောင်ခဲ့ပါတယ်။ Instagram စတင်တည်ထောင်ကတည်က လူကြိုက်များခဲ့ပြီး တည်ထောင်ပြီး ၂ လအကြာ ၂၀၁၀၊ ဒီဇင်ဘာလမှာပင် သုံးစွဲသူပေါင်း ၁ သန်း ပြည့်မြောက်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှာတော့ Instagram ကိုသုံးစွဲသူပေါင်း ၁၀ ခန်းအထိ တိုးမြင့်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင်Instagram ဟာ iPhone App of the Year အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။

မူလအစက Instagram တွင် မည်သည့်ဓာတ်ပုံတင်သည်ဖြစ်စေ လေးထောင့်ဆန်ဆန် ပုံများအဖြစ် အလိုအလျောက် Crop လုပ်ပြီးမှ တင်လို့ရခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ် သြဂုတ်လမှာ ထုတ်လုပ်လိုက်တဲ့ version 7.5 မှာတော့ နှစ်သက်ရာ အချိုးအစားအတိုင်း တင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။ ထို့ပြင် ဓာတ်ပုံများသာမက vidoe အတိုလေးများကိုပါ Upload လုပ်လာနိုင်ပြီ ဖြစ်ပါတယ်။

Instagram ကို ၂၀၁၂ ခုနှစ်မှာ Facebook က ဒေါ်လာ ၁ ဘီလီယံဖြင့်ဝယ်ယူခဲ့ပါတယ်။ ဖေ့ဘွတ်ခ်ထံသို့မရောင်းချမီ Instagram ရဲ့တိုးတက်မှုနှုန်းဟာ ၂၃% ထိရှိခဲ့ပေမယ့် ရောင်းချပြီးနောက်ပိုင်းမှာတော့၃% သာရှိပါတော့တယ်။ ဖေ့ဘွတ်ခ် ဟာ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလမှာတော့ Instagram ပေါ်တွင် ကြော်ငြာများစတင်လက်ခံခဲ့သလို Instagram ကိုအဆင့်ဆင့် Upgrade ပြုလုပ်ပြီး အဆင့်မြှင့်တာတွေပြုလုပ်ခဲ့တာကြောင့် ယခုအချိန်မှာ Instagramကိုသုံးစွဲသူပေါင် သန်း ၅၀ဝ အထိရှိနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်လည်း နောက်ပိုင်း လူသုံးအလွန်များလာပြီး သုံးစွဲသူ ၁သန်းကျော်ထိရှိလာပြီလို့ သိရှိရပါတယ်။
ဖေ့ဘွတ်ခ် ကဲ့သို့ Media စာမျက်နှာများ၊ Personal တိုက်ခိုက်မှုများ၊ Cyberbullying များ အပြင် အကောင့်အတုများလည်း မရှိသလောက်ရှားနေပါသေးသည်။ ဖေ့ဘွတ်ခ် အကောင့်နှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်ပြီး instagram တွင် တင်လိုက်သော ဓာတ်ပုံကို ဖေ့ဘွတ်ခ် ပေါ်သို့ တိုက်ရိုက် share နိုင်မှာဖြစ်ပါတယ်။ ဓာတ်ပုံတင်ရန်အဓိကဖြစ်သဖြင့် ဓာတ်ပုံရိုက်ပြီးတင်တာ ဝါသနာပါသော မိန်းကလေးများအတွက် သင့်တော်သော Social Network လည်းတစ်ခုဖြစ်ပါတယ်။

 

လင်းထက်မော် (Digital Parmaukkha)